City Gift သုံးပြီး အမှတ်တွေရမှာလား။

City Rewards အဖွဲ့ဝင်တစ်ယောက်မဟုတ်ရင် အမှတ်တွေမရပါဘူး။ City Rewards အဖွဲ့ဝင်ဖြစ်ဖို့ မိနစ်အနည်းငယ်ပဲ လိုပါတယ်။ ပြီးရင် City Gift ကတ်နဲ့ချိတ်ဆက်လိုက်ပါ။ အခုပဲ အောက်ပါ လင့်ခ်မှာ ဝင်ရောက်ပြီး App ကို ဒေါင်းလုတ်ဆွဲလိုက်ပါ။

Gift ကတ်ထဲက လက်ကျန်ငွေကို တခြားအကောင့်ကို ပြောင်းလို့ရလား။

သင့်လက်ကျန်ငွေဖြစ်သော်လည်း Gift ကတ်ကို City rewards App သို့ သွင်းလိုက်ရင် သင့်အကောင့်နှင့် ချိတ်ဆက်ထားသော မိသားစုဝင်များနှင့် သူငယ်ချင်းများကို လက်ဆောင်ပေးသည့်လုပ်ဆောင်ချက်ကို သုံးပြီး ငွေသားလက်ဆောင်ပို့ပေးလို့ရပါတယ်။

City Rewards App မှာ Gift ကတ် သွင်းထားပါတယ်။ ငွေရှင်းချင်တဲ့အခါ ဘယ်လိုသုံးရပါသလဲ။

အခုဆို သင့် App ရဲ့ QR ကုတ်ကို ID အနေဖြင့်သုံးပြီး ကောင်တာမှာ ငွေရှင်းနိုင်ပြီး City Rewards ကတ်ကိုပါ စာရင်းသွင်းထားရင်တော့ ဈေးဝယ်သလောက် အမှတ်တွေရနိုင်ပါတယ်။

သူငယ်ချင်းဆီက ယခုလက်ရှိ City Gift Card ဒီဇိုင်းနဲ့ မတူတဲ့ City Gift Card တစ်ခု ရထားပါတယ်။ ငွေသားလက်ကျန်လည်း ကတ်ထဲမှာရှိနေပါသေးတယ်။ အဲဒီကတ်ကို သုံးလို့ရသေးသလား။

သင့်ရဲ့ Gift Card ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိတော့ အသုံးပြုလို့ရပါသေးတယ်။ ထိုကာလကျော်သွားလျှင်တော့ အသစ်ထပ်မံမိတ်ဆက်ထားတဲ့ City Gift Card တွေကိုသာ သုံးခွင့်ပြုတော့မှာပါ။ ဒါ့အပြင် Gift Card အဟောင်းတွေဟာ City Rewards app နဲ့ ချိတ်ဆက်လို့မရပါဘူး။ City Gift Card အသစ်တွေကိုသာ City Rewards app မှာ upload လုပ်ပြီး ချိတ်ဆက်သုံးလို့ရမှာပါ။