သူငယ်ချင်းဆီက ယခုလက်ရှိ City Gift Card ဒီဇိုင်းနဲ့ မတူတဲ့ City Gift Card တစ်ခု ရထားပါတယ်။ ငွေသားလက်ကျန်လည်း ကတ်ထဲမှာရှိနေပါသေးတယ်။ အဲဒီကတ်ကို သုံးလို့ရသေးသလား။

သင့်ရဲ့ Gift Card ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိတော့ အသုံးပြုလို့ရပါသေးတယ်။ ထိုကာလကျော်သွားလျှင်တော့ အသစ်ထပ်မံမိတ်ဆက်ထားတဲ့ City Gift Card တွေကိုသာ သုံးခွင့်ပြုတော့မှာပါ။ ဒါ့အပြင် Gift Card အဟောင်းတွေဟာ City Rewards app နဲ့ ချိတ်ဆက်လို့မရပါဘူး။ City Gift Card အသစ်တွေကိုသာ City Rewards app မှာ upload လုပ်ပြီး ချိတ်ဆက်သုံးလို့ရမှာပါ။