City Gift ဆိုတာဘာလဲ?

City Gift ကတ်များကို အကျုံးဝင်သောဆိုင်များမှာ ဈေးဝယ်ယူဖို့အတွက် အသုံးပြုနိုင်ပါတယ်။
City Gift ကတ်တွေကို City Mart Supermarkets, Ocean Supercenters, Marketplace by City Mart, နဲ့ City Baby Club ဆိုင်ခွဲတွေမှာ ဝယ်ယူနိုင်ပါတယ်။
ရွေးစရာကတ်ဒီဇိုင်းများလည်းအမျိုးမျိုးရှိပြီး မည်သူ့ကိုမဆို လက်ဆောင်ပေးဖို့အသင့်တော်ဆုံးဖြစ်ပါတယ်။
ငွေရှင်းတဲ့ကောင်တာမှာ ငွေပမာဏအမျိုးမျိုး ကြိုဖြည့်ပြီးသားကတ်တွေကို ရွေးချယ်နိုင်ပါတယ်။ အခြားငွေပမာဏလိုအပ်ရင်တော့ Customer Service ကောင်တာမှာ ဖြည့်သွင်းရရှိနိုင်ပါတယ်။
ဈေးဝယ်ရတာလွယ်ကူဖို့အတွက် City Gift ကတ်တွေကို မည်သည့် Customer Service ကောင်တာမှာမဆို ငွေပြန်ဖြည့်နိုင်ပါတယ်။

အသုံးပြုနိုင်သည့်နေရာများ

City Gift ကတ်များကို City Mart Supermarket များ၊ Marketplace by City Mart များ၊ Ocean Supercenter များ၊ City Care Health & Beauty စတိုးများ၊ Seasons Bakery & Café များ၊ City Books & Music ဆိုင်များ ၊ Safari စာအုပ်ဆိုင်များ၊ City Baby Club ဆိုင်များနှင့် အခြားပါဝင်သောဆိုင်များမှာ တွင် ကုန်ပစ္စည်းများဝယ်ယူသောအခါ အသုံးပြုနိုင်ပါသည်။

အမေးများသော မေးခွန်းများ

City Gift Card to ကတ် သုံးပြီး ဘယ်ပစ္စည်းဖြစ်ဖြစ် ဝယ်လို့ရလား။

ဟုတ်ကဲ့။ လက်ကျန်ငွေလုံလောက်လျှင် Gift ကတ်နဲ့ ဝယ်ယူလိုသည့်ပစ္စည်းကို ဝယ်ယူနိုင်ပါသည်။

City Gift သုံးပြီး အမှတ်တွေရမှာလား။

City Rewards အဖွဲ့ဝင်တစ်ယောက်မဟုတ်ရင် အမှတ်တွေမရပါဘူး။ City Rewards အဖွဲ့ဝင်ဖြစ်ဖို့ မိနစ်အနည်းငယ်ပဲ လိုပါတယ်။ ပြီးရင် City Gift ကတ်နဲ့ချိတ်ဆက်လိုက်ပါ။ အခုပဲ အောက်ပါ လင့်ခ်မှာ ဝင်ရောက်ပြီး App ကို ဒေါင်းလုတ်ဆွဲလိုက်ပါ။

City Gift လက်ကျန်ငွေတွေ အကုန်သုံးလိုက်လို့ရလား။

ရပါတယ်။ City Gift ကတ်ထဲက ငွေလက်ကျန်နဲ့ ငွေသားပေါင်းပြီး ဝယ်ယူထားတာအတွက် ငွေရှင်းလို့ရပါတယ်။

သူငယ်ချင်းဆီက ရထားတဲ့ Gift ကတ်ကို ငွေသားနဲ့ လဲလို့ရလား။

ငွေသားနှင့်လဲလှယ်လို့မရပေမယ့် ကတ်ထဲမှလက်ကျန်ငွေဖြင့် အကျုံးဝင်သောဆိုင်များတွင် ဈေးဝယ်လို့ ရပါတယ်။

Gift ကတ်ထဲက လက်ကျန်ငွေကို တခြားအကောင့်ကို ပြောင်းလို့ရလား။

သင့်လက်ကျန်ငွေဖြစ်သော်လည်း Gift ကတ်ကို City rewards App သို့ သွင်းလိုက်ရင် သင့်အကောင့်နှင့် ချိတ်ဆက်ထားသော မိသားစုဝင်များနှင့် သူငယ်ချင်းများကို လက်ဆောင်ပေးသည့်လုပ်ဆောင်ချက်ကို သုံးပြီး ငွေသားလက်ဆောင်ပို့ပေးလို့ရပါတယ်။

Gift ကတ် ပျောက်သွားလို့။ ဘာလုပ်ရမလဲ။

ဝမ်းနည်းပါတယ်။ ကျွန်ုပ်တို့ဘက်မှ လုပ်ပေးနိုင်တာမရှိပါဘူး။

City Rewards App မှာ Gift ကတ် သွင်းထားပါတယ်။ ငွေရှင်းချင်တဲ့အခါ ဘယ်လိုသုံးရပါသလဲ။

အခုဆို သင့် App ရဲ့ QR ကုတ်ကို ID အနေဖြင့်သုံးပြီး ကောင်တာမှာ ငွေရှင်းနိုင်ပြီး City Rewards ကတ်ကိုပါ စာရင်းသွင်းထားရင်တော့ ဈေးဝယ်သလောက် အမှတ်တွေရနိုင်ပါတယ်။

သူငယ်ချင်းဆီက ယခုလက်ရှိ City Gift Card ဒီဇိုင်းနဲ့ မတူတဲ့ City Gift Card တစ်ခု ရထားပါတယ်။ ငွေသားလက်ကျန်လည်း ကတ်ထဲမှာရှိနေပါသေးတယ်။ အဲဒီကတ်ကို သုံးလို့ရသေးသလား။

သင့်ရဲ့ Gift Card ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိတော့ အသုံးပြုလို့ရပါသေးတယ်။ ထိုကာလကျော်သွားလျှင်တော့ အသစ်ထပ်မံမိတ်ဆက်ထားတဲ့ City Gift Card တွေကိုသာ သုံးခွင့်ပြုတော့မှာပါ။ ဒါ့အပြင် Gift Card အဟောင်းတွေဟာ City Rewards app နဲ့ ချိတ်ဆက်လို့မရပါဘူး။ City Gift Card အသစ်တွေကိုသာ City Rewards app မှာ upload လုပ်ပြီး ချိတ်ဆက်သုံးလို့ရမှာပါ။

City Rewards နဲ့ဆိုဘာတွေပိုလုပ်လို့ရမှာလဲ

"City Rewards ရှိပြီးသားဆို City Gift လက်ကျန်ငွေကို City Rewards cash wallet နဲ့ ပေါင်းလိုက်လို့ရပါတယ်။ အဖွဲ့ဝင် မဟုတ်သေးဘူးလား။ အခုပဲ Sign up လုပ်ပြီး အမှတ်တွေရယူလိုက်ပါ။ City Rewards App နဲ့ အဖွဲ့ဝင်အထူးပရိုမိုးရှင်းတွေ ခံစားပြီး ကတ်ရဲ့ လုံခြုံစိတ်ချရမှုကို တိုးမြှင့်လိုက်ပါ။"

© 2017 CMHL

City Gift ဆိုသည်မှာ City Mart Holding Company ၏ gift card အစီအစဉ်တစ်ခုဖြစ်ပြီး City Mart Holding Company Limited လက်အောက်တွင်ရှိသော လက်လီအရောင်းဆိုင်တိုင်းတွင်လည်းကောင်း၊ City Mall အွန်လိုင်းမှဝယ်ယူခြင်းအတွက်လည်းကောင်း ၊ City Rewards အစီအစဉ်တွင် ပါဝင်ထားသော ကုန်သည်များ၏ ပစ္စည်းများ ဝယ်ယူခြင်းအတွက်လည်းကောင်း အသုံးပြုနိုင်ပါသည်။